Aye Nyein San
ပျော်ရွှင်စရာမွေးနေ့လေးးဖြစ်ပါစေမေဖြိုးရေ။
ငါ့ရဲ့မေဖြိုးလေးးးနောက်နှစ်တွေအများကြီးထိအောင် ချစ်ရတဲ့ မိသားစု၊
မိတ်ဆွေတွေနဲ့ ဘ၀ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရပါစေ။
ငါ့ကိုလည်းးဒီထက်ပိုပြီးးအများကြီးချစ်ပေးပါ။ ငါကတော့နင့်ကိုမချစ်ဘူး။
ဟီးးးး။ လာမယ့် Aprilဆို ငါတို့ရဲ့ Friendship သက်တမ်းက ငါးနှစ်ပြည့်ပြီ။
ငါ့့ဘ၀ထဲကို၀င်လာပေးပြီး အမှတ်တရပေါင်းစုံ ဖန်တီးပေးလို့ကျေးဇူးပါ။
အားပေးးစကားတွေပြောပေးလို့လည်းကျေးဇူးပါ။ ရင်ထဲကနေကို
လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ပြီးတော့ I wish you the best out of
the best things in the whole world...Your Existence Means That Much To
Me.... 心から愛してる。。❤️🌟
May Myat Thu
Happy Birthdayပါမမမေဖြိုး🥳 ထိပ်စီးပြောင်းသွားလို့ဂုဏ်ယူပါတယ်🤭
အသက်၂၀နဲ့မလိုက်အောင် ရင့်ကျက်တဲ့ မမမေဖြိုးတစ်ယောက် ဒီနှစ်လည်း
အရင်နှစ်ကပျော်ခဲ့ရတာထက်ပိုပြီး နှစ်ဆပိုပျော်ရပါစေ (ပင်ပန်းရတာတွေတော့
၂ဆလျော့ပါစေပေါ့🤣) ၁၉နှစ်မှာ အများကြီးပင်ပန်းသွားခဲ့ပြီ
အလုပ်တွေလည်းအများကြီးကြိုးစားခဲ့ပြီ(အများကြီလည်းတစ်တီတူးခဲ့ရပြီ😞)
မေဖြိုးတော့မသိပေမယ့် ကြည့်နေရတဲ့မေမြတ်ကတော့
အချိန်တိုင်းဂုဏ်ယူနေမိပါတယ်၊ ဘယ်နေရာကိုရောက်ရောက် ဇွဲမလျှော့ဘဲ
အောင်မြင်အောင်လုပ်နိုင်လို့လေ🧡 ဒါပေမယ့် အလုပ်တွေပဲဖိလုပ်မနေဘဲ
ကိုယ့်ကိုယ်ကိုယ်လည်းဂရုစိုက်ပါဦးနော် ကျန်းမာရေးကအဓိကမလို့ ဟီးဟီး
စာအရှည်ကြီးတွေမရေးတာကြာတော့ မရေးတတ်တော့ဘူး ဒါပါပဲ
များကြီးချစ်တယ်နော်🤪 အနာဂတ်မှာ ချစ်ရတဲ့ ကံကော်ပန်းလေးတွေလို
ဂုဏ်သတင်းမွှေးပြီး အများကြီးလှနိုင်ပါစေဗျာ။ (mmt)
Si Thu Htet
Happy Birthday ပါ ညီမလေးရေ... ညီမလေးက အစ်ကို့ထက်ငယ်ပေမယ့် အစ်ကို့ထက်
အများကြီးတော်ပါတယ်။ အစ်ကိုအားငယ်နေတဲ့အချိန်တွေဆိုလည်း ဖုန်းတွေဆက်ပြီး
အားပေးစကားပြောပေးတယ်။ စကားမပြောဖြစ်တာ ကြာပြန်ရင်လည်း နေကောင်းရဲ့လား
အဆင်ပြေရဲ့လားဆိုပြီး လှမ်းသတင်းမေးပေးတယ်။ ဒီလိုညီမလေးတစ်ယောက်နဲ့
ခင်မင်ခွင့်ရလို့ အစ်ကိုဝမ်းသာပါတယ်။ အခုဆိုရင် ဘဝရဲ့အချိုးအကွေ့တွေ
အများဆုံးကြုံတွေ့ရတဲ့ နှစ်၂၀ပြည့်မွေးနေ့တောင် ရောက်ပြီနော်။ ဪ
ဘာလိုလိုနဲ့ အစ်ကိုတို့တွေ တွေ့ဆုံခဲ့တာ မနေ့တစ်နေ့ကလိုပါပဲလား...။
အစ်ကိုဆုတောင်းပေးချင်တာကတော့ ညီမရဲ့ရည်မှန်းချက်လေးကို
ခိုင်ခံ့သည်ဖြစ်စေ ယိုင်နဲ့နေသည်ဖြစ်စေ ဘယ်လိုပဲဖြစ်နေပါစေ ပြီးဆုံးအောင်
တည်ဆောက်အကောင်အထည်ဖော်နိုင်ပါစေ။ ချစ်ရတဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊
လက်တွဲဖော်ရှိရင်လည်း လက်တွဲဖော်၊ စတဲ့သူတွေနဲ့ ဆန္ဒရှိသမျှ
(တွေ့ဆုံပေါင်းဖက်)အတူရှိနိုင်ပါစေ။ ကြုံလာမယ့် ကြုံနေတဲ့
အခက်အခဲတွေကိုလည်း ကိုယ်စွမ်း
ဉာဏ်စွမ်းရှိသမျှဖြေရှင်းကျော်လွှားနိုင်ပါစေ။ ငါ့ညီမလေး
အသက်ရှိသမျှကာလပတ်လုံးပျော်ရွှင်ကျန်းမာပြီးလှပချမ်းသာနိုင်ပါစေ...လို့
ဟော့ဒီ့ကအစ်ကိုစည်သူထက်(ညီမအမြန်ခေါ်နေကျ-စူထွက်)က
ဆုတောင်းပေးလိုက်ပါတယ်နော်
Yin Pa Pa Min
Happy Birthday ပါ မေဖြိုး မွေးနေ့ကစပြီး အမြဲပျော်ရွှင်ပါစေ 💓
ကိုယ်ချစ်ရတဲ့သူတွေ၊မိသားစုဝင်တွေနဲ့လည်း သက်ဆုံးတိုင်
ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ ✨ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေ၊
လိုချင်တဲ့အရာတွေလည်း ကိုယ်လိုချင်တဲ့အချိန် ကိုယ်ဖြစ်ချင်တဲ့အချိန်မှာ
ပြည့်ဝပါစေ ❣️ တစ်နှစ်ထက်တစ်နှစ်လည်း ငါ့လိုချောလာပါစေ 🤗 ဝေးနေလည်း
အများကြီးချစ်တာမို့ ဆာရားငဲ 😗🫶🏻
Kyi Phyu Htun Lin
Happy birthday ပါသူငယ်ချင်း ဘာလိုလိုနဲ့ငါတို့တွေတောင် adulthood
ထဲ၀င်လာပြီနော် အရင်ချိန်တွေကိုလွမ်းလိုက်တာဟာ
နင်ကရင့်ကျက်ပြီးအရည်အချင်းရှိပြီးသားမို့ထွေထွေထူးထူးတောင်
ဆုတောင်းပေးစရာမလိုပါဘူး
နင့်ဘ၀ကိုအကောင်းဆုံးပုံဖော်နိုင်မယ်လို့ငါယုံတယ် ဒီကာလမှာ ငါ
သူငယ်ချင်းတွေနဲ့သေကွဲလည်းကွဲဖူးပြီး ရှင်ကွဲလည်းကွဲဖူးပြီမို့
ဘယ်သူ့ကိုမှ အဆုံးရှုံးမခံနိုင်တော့လို့ နင်ကတော့
အသက်တွေကြီးပြီးဆံပင်တွေဖြူတဲ့ထိငါ့သူငယ်ချင်းဖြစ်ပေးနော်
ကျန်းကျန်းမာမာနဲ့ အသက်အရှည်ကြီးနေဟာ
Thet Hnin Su
Happy 20th birthday မေဖြိုးလေး🎂❤ ထိပ်စီးပြောင်းတဲ့မွေးနေ့ကစလို့
နောက်နှစ်ပေါင်းများစွာထိ ပျော််ရွှင်စရာအပေါင်း ရနိုင်ပါစေ❤
လိုရာမှန်သမျှပြည့်ပြီး ဆန္ဒအားလုံးလဲဖြစ်လာပါစေ❤️ မိဘအားကိုးရတဲ့
သမီးအငယ်ဆုံးလေးဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို
ထာဝရပိုင်ဆိုင်နိုင်ပါစေ❤ Love u pr May Phyo Lay😘
Hnin Nwe Aye
Happy birthday မီရဲ့ မေဖြိုးလေး💓🥳 မွေးနေ့မှစ၍ပျော်ရွှင်ပါစေ
အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်ပါစေ ရည်မှန်းချက်ပန်းတိုင်ကိုလည်း
အောင်အောင်မြင်မြင်နဲ့ မြန်မြန်ဆန်ဆန်ရောက်နိုင်ပါစေ😍 အခုထက်မကလည်း
ပိုပိုပြီး ငါ့လိုလှလာပါစေ😝 အရမ်းချစ်တယ် အာဘွား အာဘွား😘
Soe Moe Htet
Happy one of special days to you and us, coz the days we're together
are special, too & the birth of you is too precious for us. အသက် ၂၀
ပြည့်သွားတဲ့ အစိုးတို့ရဲ့ ညီမလေး မေဖြိုးရေ သံသရာ မဆုံးသရွေ့ ဒီ
friendship ဟာ သံသရာအဆုံးထိတိုင် တည်တံ့နိုင်ပါစေ။ Public မှာ
ထားမှာဆိုတော့ များကြီး မဆုတောင်းပေးတော့ဘူး။